၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်း အတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် အုပ်စု (စီ) မှ ကျောက်စိမ်း အတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့


နေပြည်တော်၊ နိုဝင်ဘာ ၂၇

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင် ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ အမှတ် (၃၃၁၀) မှ (၄၀၅၉) အထိ အတွဲပေါင်း (၇၅၀) အတွက် ပြည်တွင်းရတနာကုန်သည်များက ပြပွဲ အဋ္ဌမနေ့(၂၆-၁၁-၂၀၂၄) ရက်နေ့တွင် ဈေးနှုန်းတင်သွင်းလွှာများ တင်သွင်းခဲ့ကြပြီး ပြပွဲနဝမနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၆၉၄ တွဲ ရောင်းချခဲ့ရကြောင်း ကြေညာသည်။

ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ ကျောက်စိမ်း အတွဲပေါင်း ၇၄၁ တွဲကို ပြည်တွင်းရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပ ရာ မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများအား ရတနာကုန်သည် များက ကြည့်ရှုစစ်ဆေးနေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၀၈ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲ၊ အုပ်စု (အေနှင့်ဘီ) မှ ကျောက်စိမ်းအတွဲ ၁၈၂၃ တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည့်အပြင် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမည့် အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း ၁၄၂၉ တွဲ တို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)