ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ




ဆိပ်ကြီးခနောင်တို ၊ နိုဝင်ဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဟောပြောပွဲကို စတင်ရာ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ဇော်မိုးက “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မိုးမိုးက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်မှူး ဒေါ်အေးသူဇာက “လူငယ်နှင့် အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။ ယင်းနောက် မြို့နယ်အား/ကာမှ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းပြီး၊ မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးရဲမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ဝေယံ 

https://t.me/MyanmarNationalPost                                                              

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)