စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

 



မုံရွာ  ၊ နိုဝင်ဘာ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာရုံးအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများရရှိပြီး လုပ်ငန်းခွင်အတွင်း ကျန်းမာသန်စွမ်းကာစိတ်ပျော်ရွှင်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) ရှိ သက်မှတ်အားကစားရုံများတွင် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အားကစားနည်း ၁၁ မျိုးအား ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။


အဆိုပါ ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားတွင် ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် လူမူရေးရာအသင်းတို့ ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက တခဲနက်ကြည့်ရှုအားပေးကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲ ပထမပိုင်းပြီးချိန်တွင် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက Fitness Dance အကတို့ဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။


ထို့နောက် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ လူမှုရေးရာအသင်းမှ စည်ပင်သာယာရေးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)