မြင်းခြံမြို့၌ ပရိယတ္တိသဒ္ဓမ္မပါလအသင်း၏ (၇၂) အကြိမ်မြောက် သီးခြားစာသင်တန်း အာဂုံပြန်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့၌ ပရိယတ္တိသဒ္ဓမ္မပါလအသင်း၏ (၇၂) အကြိမ်မြောက် သီးခြားစာသင်တန်း အာဂုံပြန်ပွဲ ကျင်းပ




မြင်းခြံ၊ နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလအသင်း၏ (၇၂) အကြိမ်မြောက် သီးခြားစာသင်တန်း အာဂုံပြန်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။

 “မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလအသင်း၏ (၇၂) အကြိမ်မြောက် သီးခြားစာသင်တန်း အာဂုံပြန်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှ စတင်ကျင်းပခြင်း ဖြစ်သည်။ ယခုနှစ်အတွက် သံဃာတော် (၁၇၈) ပါး ဝင်ရောက်ဖြေဆိုမည် ဖြစ်ပါသည်။ အာဂုံပြန်ပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ကျွန်တော်တို့ မြင်းခြံမြို့ ပရိယတ္တိသဒ္ဓမ္မပါလအသင်း၊ မန္တလေးမြို့တွင် သာသနာ့ဟိတအသင်း၊ ရန်ကုန်မြို့တွင် စေတီရင်ဂနအသင်း စုစုပေါင်းအသင်း (၃) သင်းမှ နှစ်စဉ် ကျင်းပဆောင်ရွက်နေခြင်းဖြစ်သည်။ 

အာဂုံပြန်စာမေးပွဲကို မွန်းတည့် (၁၂) နာရီမှ ညနေ (၄) နာရီအထိ (၂) ရက် ကျင်းပပေးသွားမည်ဖြစ်ကြောင်း” ပရိယတ္တိသဒ္ဓမ္မပါလအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းသောင်းက ပြောသည်။

သီးခြားစာသင်တန်း အာဂုံပြန်ပွဲဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်များအား စေတနာရှင်အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အအေးများဆပ်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


ကျော်စွာ(မြင်းခြံ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)