နေပြည်တော်၊ နိုဝင်ဘာ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နိုဝင်ဘာလ ၈ ရက်နေ့ ၁၂၃၀ အချိန် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ငွေကျပ် ၁,၄၅၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မနွယ်နွယ်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ခြင်းတောင်းများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၂၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၈,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၃၆၈ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနွယ်နွယ်ဝင်း(၃၈)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment