ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကြည့်ရှုအားပေး

 



ဘားအံ  ၊ နိုဝင်ဘာ ၂၇


ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် နိုဝင်ဘာလ ၂၅ ရက်နေ့ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်တွင် ဆင်ယင်ကျင်းပသော(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပဒေသာကပွဲကို  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။


အဆိုပါ ပဒေသာကပွဲကို အများပြည်သူစိတ်ကြည်နူးချမ်းမြေ့စေရန်၊ အမျိုးသားအောင်ပွဲနေ့၏ အနှစ်သာရများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပဒေသာကပွဲတွင် မူလတန်းကြိုကျောင်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက စည်းလုံးချင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင် ကရင်တေးသီချင်း၊ ငြိမ်းချမ်း ပါစေမြန်မာပြည်၊ စကားဝါမြေ၊ ပြည်ထောင်စု၏ထာဝရအလှ၊ သံလွင်ကမ်းနှင့်ဇွဲကပင်မြေ၊ ရွှေမြန်မာ၊ ကရင်ပြည်နယ်သို့လာလည်ပါ အစရှိသည့်တေးသီချင်းများဖြင့် တေးသရုပ်ဖော်သီဆိုကပြ ဖျော်ဖြေကြပြီး ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်းယဉ်ကျေးမှုအဖွဲ့များက သက်ဆိုင်ရာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ဒေသခံတေးသံရှင်များက နှစ်သက်ရာတေးသီချင်းများဖြင့် ပျော်ရွှင်စွာသီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)