ကိုင်ရို၊ နိုဝင်ဘာ ၁၉
အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE - ACC) ၏ (၂၇၅) ကြိမ်မြောက် သံရုံးအကြီးအကဲများ၏ အစည်းအဝေးကို ၁၈-၁၁-၂၀၂၄ ရက်တွင် ကိုင်ရိုမြို့ရှိ Conrad Hotel ၌ ကျင်းပခဲ့ရာ၊ အဆိုပါ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့် အတူ ပါဝင် တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံကိုင်ရိုကော်မတီ၏ အလှည့်ကျဥက္ကဌ စင်ကာပူ သံအမတ်ကြီးမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်၍ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ကိုင်ရိုကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက် နိုင်မည့် နည်းလမ်းများ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment