ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

 


ပွင့်ဖြူ  ‌၊ နိုဝင်ဘာ  ၆


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုနှင့်မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးလုံခြုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များက ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုး တော်ဆောင် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများနှင့်အတူ "မိတ်ဖက်အဖွဲ့အစည်းများနှင့် လူထုအခြေပြုလှုပ်ရှားမှုများ" CNG. (Clean & Green School) ခေါင်းစဉ်ဖြင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ် ရမည့်အချက်များ၊ ကျောင်းပတ်ဝန်းကျင် သာယာလှပစိမ်းလန်းစိုပြည်ရေးနှင့်ပညာရည်ထူးချွန်ထက်မြက် သော ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေး သိရှိလိုက်နာရမည့် ဆောင်ရန်ရှောင်ရန် သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။


ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက်လာသည့်ဌာဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများကို မီးဘေး အန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဘူးဖြင့် စနစ်တကျ ကိုင်တွယ်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းစနစ်များနှင့် အသက်ကယ်ကြိုးကူးနည်းစနစ်များကို လေ့ကျင့်သရုပ်ပြသရာ တက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က လှည်ကြီးကျေးရွာ စာသင်ကျောင်းအတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်စေရေး ကျောင်းဆောင်များအလိုက် တပ်ဆင်အသုံးပြုထားသည့် လျှပ်စ စ်မီးကြိုးများ၊ မီးသီးများနှင့် လျှပ်စစ်မိန်းခုံများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ကျောင်းဝန်းကျင်မီးလောင်စေနိုင်သော လောင်စာများ မရှိအောင် သန့်ရှင်းရေး ဆောင်ရွက်ထားခြင်း ရှိ/မရှိနှင့် အရေးပေါ် မီးငြှိမ်းသတ်နိုင် သော မီးသတ်ဆေးဘူးများ အသင့်အနေအထား အသုံးပြု၍ ရ၊ မရ၊ ရေလှောင်ကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားမှု ရှိ/မရှိစသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)