ချောင်းဆုံ ၊ နိုဝင်ဘာ ၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တောင်သူများ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြု စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်းမြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက နတ်မှော်ကျေးရွာ ကွင်းအမှတ်(၆၁၃)ရှိ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ထုတ်စိုက်ခင်း (၂)ဧကတွင် ကျင်းပခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တောင်သူများ တက်ရောက်ခဲ့ကြပြီး မျိုးစေ့ထုတ် (ဆင်းသုခစပါး) စိုက်ဧကအား ရိတ်သိမ်းခဲ့ရာစပါးအခြောက် တင်း(၈၀)ခန့် ထွက်ရှိခဲ့ကြောင်း ရရှိသည့်မျိုးစပါးများကို မြို့နယ်အတွင်းဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်ကပြောသည်။
ချောင်းဆုံမြို့နယ်အတွင်း ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစိုက်ဧက(၆၅၂၄၂)ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး မိုးစပါး (၆၅၃၀၉)ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်းလာမည့် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ (၄၀၅၄)ဧကနှင့် နွေစပါး(၁၂၄)ဧက စိုက်ပျိုးနိုင်ရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment