အကြမ်းဖက်နှိမ်နင်းရေး နယ်မြေရှင်းလင်းမှု သတင်းများ (နောင်ချို၊ မြို့လှ၊ သပိတ်ကျင်း၊ နမ့်လန်၊ ဆီဆိုင်) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်နှိမ်နင်းရေး နယ်မြေရှင်းလင်းမှု သတင်းများ (နောင်ချို၊ မြို့လှ၊ သပိတ်ကျင်း၊ နမ့်လန်၊ ဆီဆိုင်)



 

အကြမ်းဖက်နှိမ်နင်းရေး နယ်မြေရှင်းလင်းမှု သတင်းများ

(နောင်ချို၊ မြို့လှ၊ သပိတ်ကျင်း၊ နမ့်လန်၊ ဆီဆိုင်)


နိုဝင်ဘာ ၂၂ ရက် နေ့လည်ပိုင်းက နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာ၊ ဘုရားကုန်း၏ တောင်ဘက်နယ်မြေများအား ရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားပြီး  )TNLAအကြမ်းဖက်သမား အလောင်း- ၂ လောင်း၊ Type 81သေနတ် - ၂ လက်၊ ကျည်အိမ်- ၅ ခု ကျည် - ၇၀ တောင့်တိုအား အခြားအသုံးအဆောင် ပစ္စည်းများနှင့်အတူ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ မြို့လှမြို့၏ အနောက်မြောက်ဘက် ၅မိုင် ခန့်အကွာ ရွာအနီးတွင် ဒေသခံပြည်သူများ၏ ကြိုတင်သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲဝင်များမှ ပိတ်ဆို့ရှင်းလင်းစဉ် PDF  အကြမ်းဖက်သမား ၁၀ ဦးခန့်အား တွေ့ရှိရပြီး ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမားများ အရှေ့ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ  အမ်အေ ၃ - ၁ လက်၊ အမ်အေ ၄ - ၁ လက်၊ AK 47 – ၁ လက်၊ ကျည်အိမ်- ၃ ခု၊ ကျည်- ၃၄၀ တောင့်  တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ နိုဝင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက  မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ တပ်ရင်းဌာနချုပ်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာတွင် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်သမား အင်အား ၁၀ ဦးခန့်နှင့်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်များ မြောက်ဖက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ ဝင်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ အမ်ဂျီ၃ - ၁လက်၊ အမ်အေ ၁ - ၃ လက် တို့အား သိမ်းဆည်းရ ရှိခဲ့ကြောင်း သိရသည်။


ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အနီးတံတားနေရာတွင် TNLA/PLA အကြမ်းဖက်သောင်းကျန်းသူ လှုပ်ရှားမှုများရှိနေသည်ကို ကင်းထောက် ဒရုန်း ဖြင့်ထောက်လှမ်းတွေ့ရှိချက်အရ ဒရုန်းအထူးအဖွဲ့မှ တိုက်ခိုက်ရေး ဒရုန်းများဖြင့် drop bombကျဲချ တိုက်ခိုက်ပြီး မြေပြင်တပ်များဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်မှုများပြားခဲ့ပြီး မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် TNLA ယူနီဖောင်းဝတ် အကြမ်းဖက်အလောင်း ၂ လောင်း၊ Type 81သေနတ် ၂ လက်၊ ကျည် အိမ်၆ ခုနှင့်ကျည် ၉၀ တောင့်၊ ကျောပိုးအိပ် ၁ လုံး၊ ကျည်စလွယ်ပါချပ်ဝတ် ၂ စုံ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ယနေ့  နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင်  နမ့်လန်မြိုတွင်းသို့ MNDAA အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မယ်ဇလီကုန်းရပ်ကွက် လယ်ကွင်းအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ပေ။

အခြားတစ်လုံးမှာ ရွှေတောင်ဆီဆိုင် နောက်ဘက်ချောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးအနားတွင် ထင်းကောက်နေသော ကိုထွန်းအောင်(ဘ)ဦးလုံးရှန်၊ ၃၃ နှစ်၊ နားပန်ကောက်(ဟိုစန်)ရပ်ကွက်နေသူမှာ ညာပေါင်ရင်းဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်။

နောက်ထပ်တစ်လုံးမှာ ကျောက်ဂူဘက်အထွက်လမ်း ရပ်ကွက်အတွင်းရှိ နှစ်ထပ်အိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ပါဆိုင်(ဘ)ဦးလုံးစန့်၊ ၆၆ နှစ်မှာ ညာခြေသလုံးဖောက်ဝင်၊ ညာလက်ကောက်ဝတ်ဖောက်ဝင်၊ ဝဲပါးစောင်ပေါက်ပြဲ၊ နောက်ကျောပေါက်ပြဲ ဒဏ်ရာရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသည့် ဒေသခံများအား တပ်မတော်တာဝန်ရှိသူများမှ ဆေးကုသမှုခံနိုင်ရန် ဆေးရုံသို့အချိန်မီ ပိုဆောင်ပေးပြီး လိုအပ်သောကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


ဆီဆိုင်မြို့နယ်၊ ပွန်ချောင်းမှာ အခြေပြုလှုပ်ရှားနေသော PNLO အကြမ်းဖက်အဖွဲ့ အခြေပြု စခန်းကို လုံခြုံရေးတပ်ဖွဲဝင်များနှင့် PNO အဖွဲ့ ပူးပေါင်းပြီး တိကျတဲ့လေကြောင်းပစ်ကူ၊ ထိရောက်တဲ့ ဒရုန်းဖြင့် drop bomb ချပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်စခန်းကို သိမ်းယူနိုင်ခဲ့သည်။

ရှင်းလင်းဆောင်ရွက်မှုအတွင်း အကြမ်းဖက်သမား အလောင်း ၆ လောင်း၊ အရှင် ၄ ယောက်နဲ့ လက်နက်ငယ်များနှင့်အတူ ခဲယမ်း ၃၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)