ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက် တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဒေါ်ခင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း နှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ် ဖွင့်လှစ်ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက စာဖတ်ရှိန်မြှင့်တင်ရေး ဆိုင်ရာ ပြိုင်ပွဲများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းနှင့် "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်း တို့ဖြင့် ကပြတင်ဆက်ကြသည်။ 

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ် စာစောင်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြပြီး "စာဖတ်ခြင်း ၏အကျိုးကျေးဇူး"ခေါင်းစဉ်ဖြင့် ဟောပြောမည့် စာရေးဆရာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်သည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအတွက် အလှူရှင်များက စာအုပ်စာစောင်များနှင့် အလှူငွေများ လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးများက လက်ခံရယူ ပေးကြပြီး ဂုဏ်ပြုမှတ်တမ်များ ပြန်လည်ပေးအပ်ကြသည်။ 

ယင်းနောက် စာရေးဆရာ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) က "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် စာပေဟောပြောပြီး ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ကာ ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုဆုများကို ပေးအပ်ပြီး လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "အမျိုးသားစာပေ မြန်မာ့ယဉ်ကျေးမှုအမွေ" သီချင်း ဖြင့် သီဆိုတင်ဆက်ခဲ့ကြောင်း သိရသည်။ 


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)