ရန်ကုန်၊ နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းကာ အခြေခံ စားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥ များကို သက်သာသောဈေးနှုန်း ဖြင့် ရောင်းချပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန် မြို့ တော် စ ည် ပ င် သာ ယာ ရေး ကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်း ရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် တာဝန်ရှိ သူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့တော်ဝန်နှင့် အဖွဲ့ သည် ယနေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးနှင့် ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အခွန်လွတ်ဈေးတို့ ၌ ဈေးသည်များ စနစ်တကျဈေးရောင်းချနေမှု၊ ကြက်ဥ တစ်လုံးလျှင် ၃၈၀ ကျပ်နှုန်းဖြင့် ကိုယ်တိုင် ထုတ်လုပ်သူများက ရောင်းချနေမှုတို့ကိုကြည့်ရှုအားပေးပြီး အများပြည်သူများ သက်သာသော ဈေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များကို ဝယ်ယူ ရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ ဘိုကုန်းဈေး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပိတောက် မြိုင်ဈေး (မီးခွက်ဈေး) နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက် ဈေးများ အတွင်း စနစ်တကျ ဈေးရောင်း ဝယ်ဖောက်ကားနေမှု၊ ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူများက ကြက်ဥတစ်လုံးလျှင် ၃၈၀ ကျပ်နှုန်းဖြင့် ရောင်းချနေမှုတို့ကိုကြည့်ရှု အားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ဈေး၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဈေး၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာအခွန်လွတ်ဈေး၊ ရွှေပြည်သာမြို့နယ်၊ သံဒင်းဈေး၊ တောင်ဥက္ကလာပ မြို့နယ်၊ နန္ဒဝန်ဈေး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေး၊ မင်္ဂလာဒုံမြို့နယ်၊ ရတနာသီရိဈေးနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံတောင်(၂)ဈေး တို့တွင် အများပြည်သူများ သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် အခြေခံစားကုန် ကြက်ဥများကို ဈေးတစ်ဈေးလျှင် ကြက်ဥလုံးရေ တစ်သောင်းနှုန်းဖြင့် ကြက်ဥလုံးရေ စုစုပေါင်း တစ်သိန်းနှစ်သောင်းကျော် ရောင်းချပေးခဲ့ကြောင်း သိရပြီး နောက်ရက်များတွင်လည်း ခရိုင်/ မြို့နယ် အလိုက် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်း-သွင်မောင်မောင်
ဓာတ်ပုံ-မိုးမြင့်မောင်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment