တာချီလိတ်မြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့်ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ စတုတ္ထအကြိမ်မြောက် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေးနှင့် အရံစေတီတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တတိယအကြိမ်အလှူတော်ငွေများ လှူဒါန်းပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့်ရွှေတိဂုံစေတီတော်မြတ်ကြီး ၏ စတုတ္ထအကြိမ်မြောက် စိန်ဖူးတော်တင်လှူပူဇော်နိုင်ရေးနှင့် အရံစေတီတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တတိယအကြိမ်အလှူတော်ငွေများ လှူဒါန်းပွဲ ပြုလုပ်


နေပြည်တော်၊ နိုဝင်ဘာလ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် ဆုတောင်းပြည့်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက်စိန်ဖူးတော် တင်လှူ ပူဇော်နိုင်ရေးနှင့်အရံစေတီတော်များ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တတိယ အကြိမ်အလှူတော်ငွေများ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် ဓမ္မာရုံ၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်  ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ အမှူးပြုသော ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီလဓမ္မကုန်းသာ တောရကျောင်း တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။ ထို့နေက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် အလှူရှင်များက တိုင်းမှူးထံ အလှူငွေ များ ပေးအပ်လှူဒါန်းကြပြီး သီလဓမ္မကုန်းသာတောရကျောင်းတိုက်ဆရာတော်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ လှူဒါန်းမှုအစုစုတို့ အတွက်‌ ရေစက်သွန်းချအမျှပေးဝေကြသည်။

အဆိုပါ စတုတ္ထအကြိမ်မြောက်စိန်ဖူးတော် တင်လှူပူဇော်နိုင်ရေးနှင့် အရံစေတီတော် များ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အလှူရှင်များက တတိယအကြိမ် အလှူတော် ငွေကျပ်သိန်း ၇,၃၀၀ နှင့် ထိုင်းဘတ်ငွေ ၅၀,၀၀၀ ဘတ် တို့ကို လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)