မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများကောင်စီတို့တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများကောင်စီတို့တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်





ဂျကာတာ၊ နိုဝင်ဘာ ၂၀

 အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂၀-၁၁-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သော ပထမအကြိမ် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကအဖြစ်ဆောင်ရွက်ခဲ့သည်။

 မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်း အဝေးသို့ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင် သံအမတ်ကြီးများနှင့် ကိုယ် စားလှယ်များ၊ ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်များဖြစ် သည့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေးဘီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) တို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး အာဆီယံဆိုင်ရာ တီမောလက်စ်တေသံအမတ်ကြီးလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။ 

 အစည်းအဝေး၌ အာဆီယံနှင့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တွင်  ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မှတ်သားကာ၊ အာဆီယံ-ပင်လယ်ကွေ့နိုင်ငံများပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုမူဘောင် (၂၀၂၄-၂၀၂၈) အကောင်အထည်ဖော်ဆောင် ရွက်မှုအခြေအနေများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)