ကယားပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်




လွိုင်ကော်  ၊နိုဝင်ဘာ ၂၁


ကယားပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်၊ လူမှုရေးရာဝန်ကြီးဦးအောင်မျိုးသိန်းတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


အဆိုပါကျောင်းရှိ သရဖီဆောင်၌ ဒုတိယပိုင်းအခမ်းအနားအား ဆက်လက်ကျင်းပရာ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားပြီး ဗဟုသုတ ပြည့်စုံကြွယ်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များကို စံ(၅)ရပ်နှင့်ညီသည့် စာကြည့်တိုက်များဖြစ်ရေး ဆက်လက်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ကြရန်နှင့် အသိပညာဗဟုသုတတိုးပွားမည့် စာပေများကို လေ့လာဖတ်ရှုပြီး ပြည်နယ်နှင့်နိုင်ငံတော်က အားကိုးအားထားရသည့် လူငယ်မောင်မယ်များဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်းပြောကြားခဲ့ပြီး အလှူငွေနှင့် ကျောင်းအတွက် စာအုပ်စာစောင်များကို ပညာရေးဌာနမှ တာဝန်ရှိသူများ၊ စာစီစာကုံး၊ ကျပန်း၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲများ၌ ပထမဆုရရှိကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ပြိုင်ပွဲများတွင် ဒုတိယရရှိကြသူများကို ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်ခိုင်၊ တတိယရရှိသူများကို စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ပွဲတော်တွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းတို့က ဂုဏ်ပြုမှတ်တမ်းနှင့်ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။


ထို့နောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဝင် ကျောင်းသူတစ်ဦးနှင့် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးတို့က သရုပ်ပြတင်ဆက်ခြင်း၊ အမှတ်(၇)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက “ ဝ-ထ-က-လ-သ” သီချင်းဖြင့် သရုပ်ပြ တင်ဆက်ခြင်း၊ လောဓမ္မအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ပြိုင်ပွဲတွင် သီဆိုဖျော်ဖြေခဲ့ကြသည့် အဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စွာထွန်းက ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။


ဆက်လက်၍ ကျောင်းစာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားမှု၊ ကျပန်းနှင့် ပုံပြောပြိုင်ပွဲတို့တွင် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုပြီး ပြိုင်ပွဲဝင်များကို ဗလာစာအုပ်များ ဝေငှပေးခဲ့သည်။ ယင်းနောက် ပြည်နယ်မီးသတ်ဦးစီးဌာနပြခန်းနှင့် သဘာဝဘေး ရှေးဦးသူနာပြုနည်း၊ မီးငြှိမ်းသတ်နည်း၊ ကြိုးချည်နည်း၊ အသက်ကယ်ဘောကွင်း သင်ပေးနည်းစသည့် လက်တွေ့သရုပ်ပြခြင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လမ်းညွှန်၊ လမ်းအမှတ်အသား၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ မိုင်းအကြောင်း သိကောင်းစရာများနှင့် လေကြောင်းခရီးသွားဆိုင်ရာ ဆောင်ရန်ရှောင်ရန် အသိပညာပေးပြသမှုများ၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်၊ ဂုံနီအိတ်စွပ်၊ ခုံဖိနပ်စီး၊ ခါးလှည့်ကွင်း၊ ပူဖောင်းညှပ်စသည့် ဂိမ်းကစားနည်း ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။


နေ့လယ်ပိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)