အာဆီယံနိုင်ငံများ နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံနိုင်ငံများ နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများ ဆွေးနွေး





ပေကျင်း၊ နိုဝင်ဘာ ၂၁

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် ဟဲနန်ပြည်နယ်၊ ကျန်းကျိုးမြို့၌ ဖိလစ်ပိုင်နိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် အာဆီယံကော်မတီ၊ ပေကျင်းမြို့ (ASEAN Committee in Beijing – ACB) သံရုံးအကြီးအကဲများ၏ ၂၀၂၄ ခုနှစ်အတွက် ဒုတိယကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျတာဝန် လွှဲပြောင်းသည့် အခမ်းအနားသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီး များနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးအတွင်း တက်ရောက်လာသော သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များက ၁၈-၇-၂၀၂၄ ရက်တွင် မြန်မာနိုင်ငံမှ ကြီးမှူးကျင်းပခဲ့သည့် ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ကာ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာအာဆီယံနိုင်ငံများ နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအား ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ 

ထို့နောက် ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Somphone Sichaleune မှ စင်ကာပူသံအမတ်ကြီး H.E. Mr. Peter Tan ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)