ရွှေတောင်မြို့နယ် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲဆောင်ရွက်





ရွှေတောင်  ၊ နိုဝင်ဘာ -၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (၁၀၄)နှစ် မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပုံ ပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊နံရံကပ်စာ စောင်ပြပွဲများကို ယမန်နေ့  နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

     ရှေးဦးစွာ ကျောင်းသား၊ကျောင်း သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က အမျိုးသားရေး စိတ်ဓာတ်များရှင်သန်ထက်မြက်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်လာ စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာပေချစ်သူများအသင်း (Book Club) နာယက၊ဆရာကြီး ဦးအုန်းမောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍  ပုံပြောပြိုင်ပွဲ၊စကားပုံဆက်ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။     

     ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် တာဝန်ရှိသူများက ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက်၊အမျိုးသားအောင်ပွဲရေးနေ့  အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊  ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)