(၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာ

 


နေပြည်တော်၊ နိုဝင်ဘာ ၁၃

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယမန်နေ့က နေပြည်တော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်းဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ လိုက်ပါသွားကြသည်။

(၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၂၃ ရက်ထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတိုအမျိုးသားအသင်းနှင့် ပစ္စတိုအမျိုးသမီးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)