အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ ရာမယဏအနုပညာပြပွဲ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ ရာမယဏအနုပညာပြပွဲ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ကျင်းပ







ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ယမန်နေ့က အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ၏ ရာမယဏအနုပညာပြပွဲကျင်းပခဲ့ရာ မြန်မာနိုင်ငံရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ သံတမန်များ၊  တတ်သိပညာရှင်များနှင့် အိန္ဒိယအသိုက်အဝန်းများမှအဖွဲ့ဝင်များ အပါအဝင်ဧည့်သည် ၁၀၀ ကျော် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ 

သံအမတ်ကြီး Abhay Thakur က ရာမယဏ၏ တရားနည်းလမ်းကျသော ကျင့်ကြံကြိုးပမ်းမှုများအကြောင်းကို ပြောကြားခဲ့သည်။

အိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်တွင် အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR) မှ စီစဉ်သော ရာမယဏ ပန်းချီပြပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှ ၁၅ ရက်အထိ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ကျင်းပမည်ဖြစ်ကြောင်း၊ လက်ရာမြောက်သော ပန်းချီ၊ ပန်းပု နှင့် ရုပ်သေးရုပ်များ ပါဝင်ပြီး ၎င်းတို့အားလုံးသည် ကျော်ကြားသော အိန္ဒိယ အနုပညာရှင်များ၏ လက်ရာများဖြစ်ကြောင်း သိရသည်။

ရာမယဏသည် အိန္ဒိယနှင့် မြန်မာတို့အကြား တူညီသောတန်ဖိုးများ မျှဝေခြင်းသင်္ကေတတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြပွဲသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး အပြန်အလှန် နားလည်မှု၊ အနုပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးတို့ကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - အိန္ဒိယသံရုံး (ရန်ကုန်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)