နေပြည်တော်၊ နိုဝင်ဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် ငြိမ်းချမ်းရေး တက္ကသိုလ် (University for Peace-UPEACE) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာသင်တန်း (Training on Peaceful Coexistence and Cultural Diversity) ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၁၁-၁၁-၂၀၂၄ ရက်မှ ၁၂-၁၁-၂၀၂၄ ရက်အထိ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် အရာထမ်း(၃၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနှင့် ပဋိပက္ခများ ဖြန်ဖြေခြင်း၊ နိုင်ငံစုံသံတမန်ဆက်ဆံရေးနှင့် နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး စသည့် ဘာသာရပ်များတွင် အသိပညာ တိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။
UPEACE ကို ငြိမ်းချမ်းရေး၊ ပဋိပက္ခဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၈၀ ပြည့်နှစ်တွင် ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တစ်ခု အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး UPEACE ၏ ရုံးချုပ်သည် ကော်စတာရီကာနိုင်ငံ၌ ရှိပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment