ထန်းတပင်၊ နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၏ ညွှန်ကြားမှုဖြင့် ဆတ်ကလေးကျေးရွာ အောင်မြေဘုံလျှမ်ဘုန်းတော်ကြီးကျောင်း စုပေါင်းမဟာဘုံကထိန်သို့ မြို့နယ်ပါတီအတွင်းရေးမှုးဦးကျော်ဇင်ဝင်းနှင့် မြို့နယ်မီဒီယာတာဝန်ခံတို့မှ နံနက်( ၉း၀၀)အချိန်ကမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှုဒါန်းခြင်း၊ တရားတော်နာရေစက်ချပွဲသို့တက်ရောက်ခဲ့သည်။
ပထမဦးစွာ မြို့နယ်သံဃနာယကဆရာတော် ဒုဥက္ကဋ္ဌ အရှင်စိန္တိတထံမှ ငါးပါသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်မှ လှုဒါန်းမှုတို့အား ရေစက်ချအမျှဝေပြီး သာဓုအနုမောဒနာခေါ်ကြကာ ဆရာတော်မှ ကထိန်သင်္ကန်းလှုဒါန်းရခြင်း ဒါတဗ္ဗဝတ္ထုအစုစုနှင့် ကျွေးမွေးလှုဒါန်းရခြင်း အကျိုးအာနိသင်များ ရှင်းလင်းဟောကြားတော်မူခဲ့ပါသည်။
အဆိုပါဘုံကထိန်အလှုပွဲကို ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဝေဖြိုးအောင်+ဒေါ်တင်တင်ညိုတို့မှ မတည်လှုဒါန်းပေးခဲ့ကြောင်းသိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment