ပေါင်းတည် ၊ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် တောင်သူများ ဝင်ငွေတိုးပွားစေရေးတို့အတွက် ယခုနှစ်တွင် ဆောင်းသီးနှံစုံ စိုက်ဧက ၉၀၀၀၀ ကျော် ဒေသတွင်း လျာထားအကောင်အထည်ဖော်စိုက်ပျိုးလျက်ရှိရာ ယမန်နေ့ အထိ သီးနှံစုံ ၆၅၀၀၀ ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ပေါင်းတည်မြို့နယ်၌ ဒေသခံတောင်သူများသည် ဆောင်းသီးနှံစိုက်ပျိုးရာတွင် ချောင်းရေ၊ မြေအောက်ရေနှင့် ဆောင်းနှင်းရည်တို့ကို အကျိုးရှိစွာ အသုံးချစိုက်ပျိုးလျက်ရှိကြောင်း သိရပြီး ယခုနှစ်တွင် နိုင်ငံတော်၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုတို့နှင့်အတူ ခရိုင်၊ မြို့နယ် စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့တို့၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုတို့ဖြင့် ဒေသတွင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေရန်၊ စားရေရိက္ခာပိုမိုဖူလုံပြည့်စုံလာစေရန်နှင့် တောင်သူများ ၀င်ငွေတိုးတက်လာစေရေးတို့အတွက် တောင်သူများနှင့် စိုက်ပျိုးရေးအသိပညာနည်းလမ်းများကို ပူးပေါင်းဆွေးနွေးကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့အထိ ဆောင်းနှမ်း၊ မြေပဲ၊ နေကြာဆီထွက်သီးနှံများအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲနောက်၊ ဘိုကိတ်ပဲ၊ ပဲကြီး စသည့် ပဲမျိုးစုံနှင့် ချည်မျှင်ရှည်ဝါ၊ ဖူးစားပြောင်း၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ငရုတ်၊ ကြက်သွန်နီအပါအဝင် စုစုပေါင်း ၆၈၄၅၇ ဧက စိုက်ပျိုးထားရှိပြီးဖြစ်ကာ လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
ရွှေသား
https://t.me/MyanmarNationalPost

No comments:
Post a Comment