မှော်ဘီ၊နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ဒုတိယအကြိမ်မဟာဘွဲ့နှင်းသဘင်အခမ်အနားကို ယမန်နေ့မွန်းတည့်၁၂နာရီအချိန်ကမှော်ဘီပန်းတစ်ပွင့်တောင်ဗုဒ္ဓဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြု တက္ကသိုလ် အဓိပတိ ဆရာတော်ထံမှ သာရဏီယ ဩဝါဒကထာနာယူခြင်း၊ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ထံမှ သမ္မောဒနီယဩဝါဒကထာနာယူခြင်း၊ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြု တက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်က ဒုတိယအကြိမ် ပန်းတစ်ပွင့်တောင် မဟာဝိဇ္ဇာလယ မဟာဘွဲ့နှင်းသဘင်နှင့်စပ်လျဉ်း၍ လျှောက်ထားခဲ့သည်။
ဆက်လက်၍ မှော်ဘီမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးဝင်းက တက္ကသိုလ်မဟာဘွဲ့နှင်း သဘင်နှင့်စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်း၊ မော်ကွန်းထိန်းဆရာတော်က ပန်းတစ်ပွင့်တောင်မဟာဝိဇ္ဇာလယ ပါရဂူဘွဲ့၊မဟာ ဝိဇ္ဇာဘွဲ့၊ဝိဇ္ဇာဘွဲ့၊အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ ခံယူတော် မူမည့် ရဟန်းတော်၊သီလရှင်များ အား ပါမောက္ခ ချုပ်ဆရာတော်ထံတွင် ဘွဲ့ခံယူစေပြီး ပန်းတစ်ပွင့် တောင် ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ ဆရာတော်၏ ရှေ့မှောက်တွင် ဘွဲ့ခံ ရဟန်းတော်၊ သီလရှင်များအားဗုဒ္ဓသာသနံစိရံတိဋ္ဌတု သာသနာပြုကတိသစ္စာ ခံယူစေ ပြီး အခမ်းအနားအား သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
No comments:
Post a Comment