လွိုင်လင် ၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အောင်တော်မူတောင်တော်ပေါ်တွင် တည်ထားသည့် အနန္တဇိနလောကချမ်းသာစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပူဇော်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စေတီတော်လှိုဏ်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်တရားနာရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပါသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်(၁၈)ပါးတို့က ဗုဒ္ဓဘိတေကဘုရားအနေကဇာတင်လှူကြသည်။ ထို့နောက် ဆရာတော်များနှင့် ဧည့်ပရိတ်သပ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုကာအခမ်းအနား ဖွင့်လှစ်ကြပြီး ရတနာစည်ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်မူသောပရိတ်တရားနာယူခြင်း၊ ဆရာတော်များအား လှူဘွယ်ပစ္စည်းဆက်ကပ်ခြင်း၊ ဆက်လက်၍ ပင်လုံမြို့ နောင်ကွတ်ကျောင်းဆရာတော်မှ အနုမောဓနာတရားနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အစီအစဉ်ပြီးမြောက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment