နေပြည်တော်၊ နိုဝင်ဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သမဝါယမအသင်းအမှုဆောင်များအတွက် သမဝါယမအသင်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် သမဝါယမအသင်းများ နည်းစနစ်မှန်ကန်စွာ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ရန် အချက်များ၊ နေကြာသီးနှံအား ရုရှားမြေဩဇာသုံးစွဲ၍ စိုက်ပျိုးနည်းစနစ်များ၊ မိုးစပါး၊ ဝါ၊ နေကြာသီးနှံများ အထွက်နှုန်းတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ရရှိရေးအတွက် စနစ်တကျဆောင်ရွက်ရန်အချက်များ၊ သမဝါယမအသင်းစာရင်းဇယားများ စနစ်တကျရှိစေရန်နှင့် ဘဏ္ဍာငွေများ စနစ်တကျထိန်းသိမ်းတတ်စေရန်၊ စာရင်းရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်ဆေးခြင်း စသည့် သမဝါယမပညာရပ်များကို သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနည်းပညာဗဟုသုတများကို စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်များက သင်ကြားပို့ချသွားမည်ဖြစ်၍ သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
သင်တန်းသို့ သင်တန်းသား ၉၆၉ ဦးတို့က စာတွေ့၊ လက်တွေ့သင်ယူခြင်းစနစ်၊ အွန်လိုင်းစနစ်တို့ဖြင့် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်ထိ လေ့လာသင်ယူသွားကြမည်ဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment