ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေလမ်းကြောင်းများဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်းကန်ဆယ်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


နေပြည်တော်၊ နိုဝင်ဘာ ၂၀

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း ရေကြီးရေလျှံမှုများ ထပ်မံ မဖြစ်ပေါ်စေရေးနှင့်ရေစီးရေလာကောင်းမွန် စေရေးအတွက် ရေလမ်းကြောင်းများ ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် ၉၁ ကန် ပြန်လည်တူးဖော်ထိန်းသိမ်း ကန်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် ဝန်ကြီးဌာနများနှင့် ရေကန် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အမျိုးသားစာကြည့်တိုက်(နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဒုတိယ ဝန်ကြီးများနှင့် ရေကန်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ UNESCO ၏ အကြံပြုချက်တို့ကို အကောင်အထည်ဖော်ရန်အတွက် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းရေကန် ၁၀၆ ကန်အနက် ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ရေကန် ၉၁ ကန်ကို ကွင်းဆင်း လေ့လာခဲ့ပါကြောင်း၊ ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်း အဓိကသုံးကြောင်းကို လည်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့၏ ပူးပေါင်းကူညီမှုဖြင့် ပြန်လည် ဖော်ထုတ်ပြုပြင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရေလမ်းကြောင်းများ ဖော်ထုတ်နေမှုအခြေအနေနှင့် ရေကန်များ အား ပြုပြင်ထိန်းသိမ်းတူးဖော်ကန်ဆယ် ဘာသာပြန်ဆိုခြင်း လုပ်ငန်းဆောင်ရွက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နေမှု၊ တိပိဋကပါဠိ မြန်မာအဘိဓာန်အား အခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ တို့ကို Power Pointi Video Short Clip များ ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့်ဒုတိယဝန်ကြီးများက ပုဂံဒေသရှိ ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ရန် ရေကန်တစ်ကန်ချင်းလှူဒါန်းခဲ့သည့် အလှူရှင် ၃၂ ဦးကို ဂုဏ်ပြုမှတ်တမ်း လွှာ၊ ဆောင်ရွက်ပြီးစီးမှုမှတ်တမ်းဓာတ်ပုံ နှင့် ရေကန်ဆိုင်ရာအချက်အလက်များကို ပေးအပ်ရာ အလှူရှင်များကိုယ်စား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သူရဦးမြင့်မောင်က ရေကန် များလှူဒါန်းရခြင်းအကြောင်းနှင့် ရေကန် များလှူဒါန်းရသဖြင့် ဝမ်းမြောက်သဒ္ဓါ ပွားများရပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အန္တရာယ်ကင်း ပရိတ်တော်များ ပုံနှိပ်ထုတ်ဝေနေမှုများ ပြည်ထောင်စုဝန်ကြီးက ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြားပြီး တက်ရောက်လာ သောအလှူရှင်များကို ခင်းကျင်းပြသထားသည့် အဋ္ဌကထာစာအုပ်များ၊ ပိဋကတ် သုံးပုံ အင်္ဂလိပ်ဘာသာပြန်စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ အန္တရာယ်ကင်း ပရိတ်တော်စာအုပ်များကို ရှင်းလင်းပြသ ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)