တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကျင်းပ

 


နေပြည်တော်၊ နိုဝင်ဘာ ၂၀

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်တာဝန်ရှိသူများ၊ ဖူးကျင့် နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတာဝန်ခံကျောင်းအုပ်ကြီး ဦးစက်တီးနှင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက် ရောက်ကြပြီး နယ်ရုံးခွဲများမှ တာဝန်ခံ များနှင့် အရာထမ်း၊ အမှုထမ်းများက Video Conferencing စနစ်ဖြင့်တက်ရောက် ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး က ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုကို အဓိကထားဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်သဖြင့် လာရောက်လည်ပတ်ကြသည့် ခရီးသည်များကို ၎င်းတို့၏ ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးမှာ အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် တရုတ် ဘာသာစကားပြောသင်တန်းများအပြင် အင်္ဂလိပ်၊ ရုရှား၊ ဂျပန်၊ ကိုရီးယားနှင့် ထိုင်း အစရှိသည့် ဘာသာစကားသင်တန်းများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်တန်းကျောင်း တာဝန်ခံကျောင်း အုပ်ကြီး ဦးစက်တီးက ဆက်လက်သင်ကြား ပို့ချပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က တရုတ်ဘာသာစကားပြော HSK-II သင်တန်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ တရုတ်ဘာသာစကားပြော သင်တန်း HSK-II ကို သင်တန်းကာလ ၂ လ ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်းများတက် ရောက်သွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံဆောင် ရွက်နေသည့် Yangon International Hotel ၏ဥက္ကဋ္ဌ Mr. KOKI ONODERA ကို ဝန်ကြီးရုံး၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ခရီးစဉ် ဒေသများကို ဂျပန်နိုင်ငံတွင် မြှင့်တင် ကြော်ငြာသွားမည့်ကိစ္စရပ်များ၊ ဂျပန်ခရီး သွားဧည့်သည်များ ပိုမိုဝင်ရောက်ရေး အတွက် ဖိတ်ခေါ်သွားမည့်အစီအစဉ်များ နှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများကို ဂျပန်လူမျိုးများသိရှိအောင် ဆောင်ရွက် သွားမည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)