မုံရွာ ၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၂)မုံရွာ၊ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအတွင်းရေးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသာကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အ.ထ.က(၃)မုံရွာကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား သယံဇာတရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် တိုင်းဒေသကြီးအဆင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် အထက်တန်းဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းတို့ကိုကျင်းပရာ တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူးနှင့်အဖွဲ့က လက်ဝယ်အရောက် ဆုများပေးအပ်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူများ၏ကျပန်းစကားပြော သရုပ်ပြယှဥ်ပြိုင်မှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် အ.ထ.က(၂)မုံရွာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြခန်းများ လှည့်လည်ကြည့်ရှုအားပေးကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက အခမဲ့ဖဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment