ရွှေတောင် ၊ နိုဝင်ဘာ -၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊အထက(ခွဲ) သရက်တောကျောင်းခန်းမ၌ "ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရွှေ တောင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ဆက်ပိုင်က ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည့် မေးမြန်းချက်များအပေါ်တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ပြီး မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာသဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေကာ ကျောင်းသုံးဗလာစာအုပ်(၇)ဒါဇင်တို့အား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောထံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ေကျာင်းသား/သူများ စုစုပေါင်း (၉၄)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment