ရွှေတောင် ၊နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစောထွန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင်မီးသတ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ရွှေတောင်မြို့နယ်မီးသတ်စခန်းနှင့် မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု၀င်များအားတွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးစောထွန်းက ဌာန၏လမ်းညွှန်မှာကြားချက်များ ချပြရှင်းလင်းခြင်း၊ အချင်းချင်းစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး၊ အထက်/အောက်အဆင့်ဆင့် လေးစားမှုရှိစေရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များတွင် ပူးပေါင်း၊ ပါ၀င်၊ ပတ်သက်မှုမရှိစေရေးတို့အားလမ်းညွှန်မှာကြားခဲ့ပြီး မီးငြှိမ်းသတ် ယာဉ်/စက်များ ဆီ၊ ရေ၊ လေ၊ ဝိုင် ပြည့်စုံမှု ရှိမရှိနှင့် ကြံ့ခိုင်ကောင်းမွန်မှု ရှိမရှိ ၊ မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသင့်အနေအထားရှိမရှိ ၊ ရုံး/စခန်း၊ ဝန်ထမ်းနေအိမ်လိုင်းခန်း အဆောက်အဦနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment