“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနား ကျင်းပ













ပဲခူး၊ နိုဝင်ဘာ ၃၀

“မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားအား နိုဝင်ဘာလ(၃၀) ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ယခု အကောင်အထည် ဖော်ပြီးစီးခဲ့သည့် စီမံကိန်းသည် မဲခေါင်- လန်ချန်းဒေသတွင်း(၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထူးရန်ပုံငွေစီမံကိန်းပင်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက အဓိကပံ့ပိုးဆောင်ရွက်ပေးခဲ့သဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရွာသစ်ကျေးရွာအား အခြေခံအဆောက်အုံဖွံဖြိုးရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းဖွံဖြိုးရေးကဏ္ဍ၊ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကဏ္ဍ၊ အတွေ့အကြုံဖလှယ်ခြင်းကဏ္ဍ အစ ရှိသည့် ကျေးရွာ(၁)ရွာ ဖွံဖြိုးတိုးတက်စေဖို အခြေခံကဏ္ဍများကို ထိရောက်စွာ စနစ်တကျ ဆောင်ရွက် ပေးနိုင်ခဲ့သည်ကို တွေ့မြင်ခဲ့ရပြီး ဒေသတွင်းရှိ အခြားကျေးရွာများကိုလည်း စံနမူနာကောင်းအဖြစ် ပြသဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ကျေးရွာသူ/သားများအနေဖြင့် “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း”အရ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် အခြေခံကောင်းများကို ယခုထက်ပိုမို ဖွံဖြိုးတိုးတက်စေရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

 ထိုနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးသံမှူး Mr. Ouyang Daobing က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာအား “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း” ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသများ ဖွံဖြိုးတိုးတက်စေရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 ယင်းနောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာအား “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း”၌ ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ရာ ရွာသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတုတ်ဖြူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ စီးပွားရေးသံမှူး Mr. Ouyang Daobing၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ 

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် “မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း”မှ ဖွင့်လှစ်ခဲ့သည့် အသက်မွေး ဝမ်းကျောင်း သင်တန်းများ၏ ထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)