ဒေဂူး၊ နိုဝင်ဘာ ၃၀
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒေဂူးမြို့ရှိ Hotel Inter-Burgo ၌ ကျင်းပခဲ့သည့် Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။
မြန်မာသံအမတ်ကြီး၏ ဂုဏ်ပြုမိန့်ခွန်းတွင် နိုင်ငံတကာအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေ ရန်အတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် DGIEA အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး၏ အရေးပါမှုများအား အလေးပေးထည့်သွင်းပြောကြားခဲ့ပါသည်။ ယင်းအပြင် သံအမတ်ကြီးသည် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် တိုးမြှင့်ဆောင်ရွက်ပေးမှုများကိုလည်း ထည့်သွင်းပြော ကြားခဲ့သည်။
ညစာစားပွဲပြီးနောက် သံအမတ်ကြီးသည် ဒေဂူးမြို့ရှိ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး ယဉ်ကျေိးမှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ အစီအစဉ်များနှင့် စပ် လျဉ်းသည့် ကိစ္စရပ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ အကျိုးကိစ္စရပ်များအား ထည့်သွင်း ဆွေးနွေးခဲ့ပြီး ယခုနှစ် စက်တင်ဘာလတွင် တိုက်ခက်ခဲ့သည့် ရာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ် ခံစားခဲ့ရသော မြန်မာနိုင်ငံဒေသအများအပြားရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအတွက် ချစ်ကြည်ရေးအသင်း ဉက္ကဋ္ဌ Mr. Nam Chung-hee နှင့်အဖွဲ့ဝင်များမှ လှူဒါန်းငွေ ကိုရီးယားဝမ် ၃,၆၀၀,၀၀၀ အား လက်ခံရယူခဲ့ ပါသည်။ ယင်းကဲ့သို့ ကူညီထောက်ပံ့မှုအား အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာ သံအမတ်ကြီး က ဉက္ကဋ္ဌ Nam အား ကျေးဇူးတင်ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ကာ ၎င်းတို့၏ အချိန်အခါ သင့် လှူဒါန်းမှုအား အလေးအနက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
လှူဒါန်းရရှိသည့် ရန်ပုံငွေများအား မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာ နိုင်ငံရှိ ရေဘေးသင့်ပြည်သူများသို့ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost



No comments:
Post a Comment