ဗီယင်ကျန်း၊ နိုဝင်ဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာအင်စတီကျုတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါလက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုနှင့် မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။ လာအိုနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. MrBounleua Phandanouvong၊ နိုင်ငံခြားရေးရာအင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် Ms. Vithaya Xayavong၊ အာရှ-ပစိဖိတ်နှင့် အာဖရိကရေးရာဦးစီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန၊ စာချုပ်များနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် သတင်းပြန်ကြားရေးဦးစီးဌာနတို့မှ အဆင့် မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။
ထိုကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပထဝီဝင်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာအကျိုးတူကိစ္စ ရပ်များအပါအဝင် အခြားနယ်ပယ်ကဏ္ဍများ၌ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနှင့် အငြိမ်းစားဝါရင့်သံတမန်များအကြား အတွေ့အကြုံ၊ ဗဟုသုတများဆွေးနွေးမျှဝေနိုင်မည် ဖြစ်သည့်အပြင် ပုံနှိပ်ထုတ်ဝေထားသည့် သတင်းဆောင်းပါး၊ သုတေသနစာတမ်းများကိုလည်း နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment