တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့


ပေကျင်း၊ နိုဝင်ဘာ ၇

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်ထံသို့ နိုဝင်ဘာ ၇ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်နိုင်ငံအတွက် အကျိုးရှိပြီး တိုက်ခိုက်လျှင် နှစ်ဖက်စလုံးအထိနာမည်ဖြစ်သည်ကို သမိုင်းက ရှင်းလင်းစွာ ပြသထားကြောင်း ထောက်ပြပြောကြားခဲ့သည်။ တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် တရုတ်-အမေရိကန် ဆက်ဆံရေးသည် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နိုင်ငံတကာ အသိုက်အဝန်း၏ မျှော်လင့်ချက်နှင့် ကိုက်ညီမှု ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန်လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အခြေခံမူကို လက်ကိုင်ထားကာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်ဆောင်ရွက်ရန်၊ ကွဲလွဲမှုများကို ကောင်းမွန်စွာ စီမံထိန်းချုပ်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ ခေတ်ကာလသစ် တရုတ်-အမေရိကန် မှန်ကန်သည့် ဆက်ဆံရေးလမ်းကြောင်းတစ်ခုကို လျှောက်လှမ်းကာ နှစ်နိုင်ငံနှင့် ကမ္ဘာကို အကျိုးပြုရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့တွင်ပင် တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်က အမေရိကန်နိုင်ငံ ရွေးကောက်ခံ ဒုတိယ သမ္မတ James David Vance ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပိုခဲ့သည်။ 


Ref -(Xinhua)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)