ညောင်ဦး၊ နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ရွာသာကျေး ရွာအုပ်စု၊မြို့လှကျေးရွာ၌ ၆-၁၁-၂၀၂၄ ရက်နေ့ ၂၁:၀၀ အချိန်တွင် PDF အကြမ်းဖက်သမားများက ကျေးရွာသား ၂ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားကြောင်း သိရသည်။
လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ စိုးမင်းဦး၊၂၆ နှစ်တွင် ယာဘက် လက် မောင်းရင်းမှနောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ/ယာ လက် ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ချက်စီဖြင့်လည်းကောင်း၊ ကျော်ကျော်ဟန်၊ ၃၇နှစ်တွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ- ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဘက် ခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရပြီး နေအောင်(ခ)မင်းမင်းသန့် ၊၃၉နှစ်တွင် နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ ယာ-လက်ခလယ် ကျိုး/ဖူးယောင်ဒဏ်ရာ၊ဝဲ-လက်ညိုးထိပ် ပြတ်တောက်ဒဏ်ရာများ ရရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။
ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ၆-၁၁-၂၀၂၄ ရက်နေ့ ၂၁:၀၀ အချိန်ခန့်တွင် သေဆုံးသူ ကျော်ကျော်ဟန်၏ နေအိမ်၌ ကျော်ကျော်ဟန်၊ စိုးမင်းဦး၊ နေအောင်(ခ)မင်းမင်းသန့်တို့ အတူရှိနေစဉ် မြို့လှကျေးရွာအနောက်ဖက် ၄ဖာလုံခန့်အကွာ၊ ဧရာဝတီမြစ်ဆိပ်ကမ်းဘက်မှ PDFအကြမ်းဖက်သမား ၇ဦး ရောက်ရှိလာကာ သေနတ်နှင့်ပစ်ခတ်ပြီး အကြမ်းဖက်သမားများမှာ စက်လှေဖြင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။သေဆုံး/ဒဏ်ရာရရှိသူများမှာ သာမန်ပြည်သူများဖြစ်ပြီး တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုရှိသဖြင့် အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment