ပေါင်၊ နိုဝင်ဘာ ၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်(အထက)မုတ္တမကျောင်း၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောခြင်းကိုယနေ့ နံနက်(၁၀)နာရီက ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော် က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသားကျောင်းသူများသိသင့်သည့် ဥပဒေဆိုင်ရာများ ကို ဟောပြောခဲ့သည်။
ဆက်လက်၍ မုတ္တမမြို့မစခန်းမှူးရဲအုပ် ရဲစိုးက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ အမှတ်(၁၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုရဲအုပ် ဝေလင်းထက် ကယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊လူကုန်ကူးမှု၏ဆိုးကျိုးများ ကိုလည်းကောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသံမရောင်း ကအထက်ပါဆွေးနွေးခဲ့သည့်အကြောင်းအရာများအပေါ်လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့သည်။ဆက်လက်၍ အထက်တန်းပြဆရာမဒေါ်ထားထားအေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။တစ်ဆက်တည်းမှာပင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်နံရံကပ်စာစောင်များကိုကျောင်းသား၊ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်းသိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost




No comments:
Post a Comment