၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပံ့ပိုးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေးအတွက် ပံ့ပိုးငွေပေးအပ်





ဗန်းမောင်၊ နိုဝင်ဘာ ၃၀

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ (Clean and Green schools) အကောင်အထည်ဖော်ဆောင်ရေးအတွက် ပံ့ပိုးငွေပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နေ့လည် ၂ နာရီက ညောင်ပင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးရဲဝင်းက "ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးဟာ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ နှစ်စဉ် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး Clean and Green Schools Award ဆုတွေ ပေးအပ်ချီးမြှင့်ပေးခြင်းအားဖြင့်လည်း အခြေခံပညာကျောင်းတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ညီညွတ်သော ကျောင်းတွေအဖြစ် အသွင်ပြောင်းရပ်တည်လာနိုင်မှာ အသေအချာဖြစ်ကြောင်း၊ Clean and Green Schools တွေ အောင်မြင်စွာ ဖော်ဆောင်နိုင်ပါက အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအလေ့အထကောင်း အတွေးအမြင်တွေ စိမ့်ဝင်ပျံ့နှံ့လာမှာဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းသန့်ရှင်းသာယာလှပရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း" ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရွှေပြည်စိုး က "သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများဆု၏ မူလအစဖြစ်သော နိုင်ငံတကာတွင် အကောင်အထည်ဖော်ဆောင်လျက်ရှိသော စိမ်းလန်းသောကျောင်းများအကြောင်း၊ လုပ်ငန်းစဉ်အချိန်ဇယားနှင့် ဆုယှဉ်ပြိုင်ပုံအဆင့်ဆင့်အကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးရဲဝင်းက ပြိုင်ပွဲဝင်မည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအတွက် ငွေကျပ် (၂၅)သိန်းကိုလည်းကောင်း ၊ အခြေခံပညာအလယ်တန်းကျောင်း(ဝက်ကုန်း)အတွက် ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း ၊ အခြေခံပညာမူလတန်းလွန်ကျောင်း(ခိုကျင်)အတွက် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း ပံ့ပိုးငွေပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ထွန်းတိုး ၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေ၊ခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရွှေပြည်စိုး နှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)