ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ခုနှစ်၊ ရပ်ကွက်/ကျေးရွာအုပ်စု နွေစပါး/ဆောင်းသီးနှံ စီမံကိန်း တာဝန်ပေးအပ်ခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ခုနှစ်၊ ရပ်ကွက်/ကျေးရွာအုပ်စု နွေစပါး/ဆောင်းသီးနှံ စီမံကိန်း တာဝန်ပေးအပ်ခြင်း အခမ်းအနားပြုလုပ်






ပေါင်၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ခုနှစ်၊ရပ်ကွက်/ကျေးရွာအုပ်စု နွေစပါး/ဆောင်းသီးနှံ စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် က စာရေရိက္ခာဖူလုံရေးအတွက် နွေစပါးနှင့် ဆောင်းသီးနှံများကို အလေးထားဆောင်ရွက်ပေးကြပါရန် နွေစပါးသည် မိုးစပါးစိုက်ပျိုးသလို စိုက်ဧက မများသည့်အတွက် အားထည့်စိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း နိုင်ငံတော်အနေဖြင့်လည်း  ရေကြီးနစ်မြုပ် ပျက်စီးသွားသည့် စိုက်ပျိုးသီးနှံများကို  သီးနှံအာမခံထုတ်‌ပေးသွားမည်ဖြစ်ကြောင်း နွေစပါးနှင့် ဆောင်းသီးနှံများကိုလျာထားချက်ပြည့်မီအောင် စိုက်ပျိုး ဆောင်ရွက် ပေးသွားကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်း က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကို  ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျလိုက်နာဆောင်ရွက်ကြဖို့မှာကြားခဲ့သည်။ထို့ပြင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဦးကျော်လင်းဦး က ရုံးလုံခြုံရေး မိမိလုံခြုံ  ရေး ကိုအထူးဂရုစိုက်ကြပါရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကသိလိုသည်များ မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေး‌နွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ၂၀၂၄-၂၀၂၅ခုနှစ်၊ရပ်ကွက်/ကျေးရွာအုပ်စု နွေစပါး/ဆောင်းသီးနှံ စီမံကိန်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။


မွန်မလေး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)