မန္တလေး၊ နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြိူ့နယ်ရှိ ရတနာပုံတက္ကသိုလ် နေ့သင်တန်း၏ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လ/ထမော်ကွန်းထိန်း (အဝေးသင်-သင်တန်းဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး)ဘွဲ့၊ ဒီပလိုမာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာဥပဒေဘွဲ့ များအတွက် အောင်မြင်ခဲ့ကြသည့် မောင်မယ်များအား ဘွဲလက်မှတ်များအပ်နှင်းပြီး ဘွဲ့နှင်းသဘင် မိန့်ခွန်းမြွတ်ကြားသည်။
အဆိုပါ (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အစမ်းလေ့ကျင့်ရက် အပါအဝင် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ အပိုင်း ၄ ပိုင်းခွဲပြီး တက်ရောက်ဘွဲ့ ၁၅၀၈ ဦး၊ အဝေးရောက်ဘွဲ့ ၉၅ ဦး စုစုပေါင်း ၁၆၀၃ ဦးကို ဘွဲ့အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment