ပေါင်၊ နိုဝင်ဘာ ၁၅
ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ(၁၅) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊ရပ်ကွက်တိုင်း၊ကျေးရွာတိုင်း၌စတုဒီသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင်ဆန်တစ်ပြည်ပေးဝေခြင်း၊ လှူဒါန်းသည့်ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော် ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ဇင်းကျိုက်ရပ်ကွက်ရှိမဟာကန်တော်ကြီး တို့တွင်စတုဒီသာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost









No comments:
Post a Comment