ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်ချုပ်စက်ရုံများ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်ချုပ်စက်ရုံများ ကြည့်ရှုအားပေး


ရန်ကုန်၊ နိုဝင်ဘာ ၁၅

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ Alpha Best Global Limited ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ များဖြစ်သည့် Rong Da Gar-ments Co.,Ltd. နှင့် ရွှေဇာမဏီစက်ရုံများသို့ သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် ဝမ်ပင်းစက်ရုံ၊ Wan He Garment နှင့် ကီဒိုရန်ကုန်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုအားပေးရာ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာ ချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန်၊  ကုန်ထုတ်စွမ်းအား တိုးတက်ရေး အတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)