မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည်မှုများ နှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည်မှုများ နှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၁၅

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှု ဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင် မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဇမ္ဗူသီရိခန်းမ၌ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီး ဌာန မှုခင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည်မှုများ နှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာ အသုံးပြု၍ လိမ်လည်မှုပုံစံများ သည် OTP၊ SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက် ဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှု ဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘဏ်များက ၎င်းတို့ ကြုံတွေ့ရသော ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိ ချက်နှင့် တွေ့ကြုံနေရသည့်အခက် အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင် များက လုံခြုံမှု ကျိုးပေါက်နိုင်သည့် အချက်များ၊ အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက် သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် FinTech Service ဝန်ဆောင်မှု ပေးသူများအနေဖြင့် ငွေကြေးလိမ်လည်မှုများကို ကာကွယ်ဖော်ထုတ် နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိမ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်း ပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)