ပေါင်၊ နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဆံတော်ရှင်ဘုရား မသိုးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တန်ဆောင်တိုင်ကာလ ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။
စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ရာတွင် ဇင်းကျိုက်ရပ်ကွက်အတွင်းရှိ အသင်းအဖွဲ့များက ညနေ ပိုင်းမှ စတင်ကာ ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို အဖွဲ့အလိုက် စီတန်းကိုင်ဆောင်ကာ လှည်လည်ကြပြီး စေတီတော်မြတ်ကြီးအပါအဝင် အရံစေတီတောများ၊ ရုပ်ပွားတော်များအား ကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။
ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ ပေါင်မြို့နယ်အတွင်းရှိ ဘုရားဖူးပြည်သူ အများအပြား လာရောက်ခဲ့ကြပြီး အလှူရှင်များက စတုဒီသာအာဟာရများဖြင့် စည်ကားသိုက်မြိုက်စွာ ကုသိုလ်ပြုကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment