ဘေရွတ်မြို့ တောင်ပိုင်းရှိ အဆောက်အအုံ ခြောက်လုံးကို အစ္စရေး ဂျက်လေယာဉ်များက တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘေရွတ်မြို့ တောင်ပိုင်းရှိ အဆောက်အအုံ ခြောက်လုံးကို အစ္စရေး ဂျက်လေယာဉ်များက တိုက်ခိုက်

 


ဘေရွတ်၊ နိုဝင်ဘာ ၂၆

အစ္စရေးလေတပ်မှ တိုက်လေယာဉ်များသည် လက်ဘနွန်မြို့တော်၏ တောင်ပိုင်းခရိုင်များတွင် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဟစ်ဇ်ဘိုလာဟု သံသယရှိသော အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေး သတင်းရင်းမြစ်တစ်ခုက TASS သတင်းထောက်ကို ပြောကြားခဲ့သည်။

ယင်းဒေသတွင် အနည်းဆုံး အဆောက်အဦ ခြောက်လုံး ထိခိုက်မိခဲ့ကြောင်း သိရသည်။

"ရန်သူသည် Ghobeiry နှင့် Tahwitat al-Ghadir ရပ်ကွက်များရှိ လူနေအိမ်အဆောက်အအုံများကို လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့သည်" ဟု သတင်းရင်းမြစ်က ဆိုသည်။ “နောက်ဆုံး တိုက်ခိုက်မှု နှစ်ခုက Bourj el-Barajneh ဒုက္ခသည် စခန်းရှိ မြေပြင် တည်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အစောပိုင်းတွင် အစ္စရေးစစ်တပ်သည် ၎င်း၏ X စာမျက်နှာတွင် တောင်ပိုင်းဆင်ခြေဖုံးဒေသခံများအား လေကြောင်းမှ တိုက်ခိုက်ရန် ပစ်မှတ်အဖြစ် သတ်မှတ်ထားသော အမှတ်အသားပြုထားသည့် နေရာများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ပြောဆိုခဲ့သည်။


Ref -TASS

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)