မြိတ် ၊ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ရာသီဥတုပြောင်းလဲမှုအကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များစသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အ.ထ.က(၄) မြိတ်တွင် ပြုလုပ်ခဲ့သည်၊၊
ဟောပြောရာတွင် မြိတ်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းက မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများကိုဟောပြောခဲ့ပြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းစသည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ကြီး၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၆၂)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကိုမေးမြန်းခဲ့ကြရာ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး
https://t.me/MyanmarNationalPost
No comments:
Post a Comment