တာမွေမြို့နယ်၌ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ

 



တာမွေ   ၊   အောက်တိုဘာ      ၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ များကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အခြေခံပညာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ လေးများ စိတ်ပါဝင်စားစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုကဲ့သို့ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပရာတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၌ သက်ဆိုင်ရာအတန်းအလိုက် သင့်လျော်သည့်ခေါင်းစဉ်များဖြင့် ရေးဖြေ၊ နှုတ်ဖြေနှင့် ကျပန်းစကားပြောစွမ်းရည် များကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/သူ (၁၅၇)ဦး ဝင်ရောက်ဖြေဆို ယှဉ် ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ သက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့် သင်ခန်းစာခေါင်းစဉ်များမှ ဉာဏ်စမ်း၊ ရေးဖြေနှင့် ဓမ္မဓိဋ္ဌာန်ရေးဖြေတို့ကို အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/ သူ (၁၅၆)ဦး ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။

အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများအား အင်္ဂလိပ်စာ ဘာသာစကား ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ် ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရေး၊ ကိုယ်ပိုင်ဉာဏ် ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ ပြဿနာဖြေရှင်းခြင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်နှင့် တီထွင်ကြံဆတတ်မှု ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ပေးလျက်ရှိရာ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်မှစ၍ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်သင်ကြားရေး စွမ်းရည်တိုးတက်လာစေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမှတစ်ဆင့် သက်ဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင်စေရန်၊ သင်္ချာ ဘာသာရပ် ကျွမ်းကျင်မှုမှတစ်ဆင့် သိပ္ပံဘာသာရပ်များကို ဆက်လက်လေ့လာသင်ယူရာတွင် အထောက်အကူပြုနိုင် စေရန်နှင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူလေးများ ရွေးချယ်ရန်နှင့် ထူးချွန်သူ များအား ဆုချီးမြှင့်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ပြိုင်ပွဲတွင် အရွေးချယ်ခံရသူများအနေဖြင့် ၂၀၂၄-ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်တထောင် မြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်အရွေးချယ်ခံရပါက နေပြည်တော်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျင်းပပြုလုပ် မည့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)