ရွှေတောင် ၊ နိုဝင်ဘာ- ၂၃
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် မြို့အင်္ဂါရပ်နှင့်အညီ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက်အပတ်စဥ်စုပေါင်းသန့်ရှင်းရေးကို စဥ်ဆက်မပြတ်ဆောင်လျက်ရွက်ရှိရာ ယနေ့နံနက်ပိုင်းက အထက ရွှေတောင် ကျောင်းဝန်းအတွင်းစုပေါင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး လှုပ်ရှာဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊( သရက်တော၊ကြာနီကန်၊ယွန်းတန်း) ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၉၅) ဦးပါဝင်ဆောင်ရွက်ခဲ့ပြီး ပေါင်းမြက်များ၊ ချုံနွယ်များနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းကြပြီး ထွက်ရှိလာသာ အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment