မကွေး၊ နိုဝင်ဘာ ၂၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်(နေ့သင်တန်း)နှင့် ၂၀၂၃ ပညာသင်နှစ် မကွေးတက္ကသိုလ်(အဝေးသင်သင်တန်း)တို့၏ (၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိသည်။
ဘွဲ့နှင်းအခမ်းအနားသို့ မကွေးတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့် ပါမောက္ခများ၊ မိဘဧည့်သည်တော်များ၊ ဘွဲ့ယူမည့် မောင်မယ်များတက်ရောက်ကြပြီး နိုင်ငံတစ်ဝန်းရှိတက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်အခမ်းအနား၊ လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီ ကျင်းပဆောင်ရွက်လျက်ရှိသည်။
မကွေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာဥပဒေဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ဥပဒေဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့ရရှိသူ (၇၂၉)ဦးနှင့် ၂၀၂၃ ခုနှစ် မကွေး အဝေးသင် သင်တန်းအတွက် ဥပဒေပညာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့ရရှိသူ (၂၀၂၅)ဦး စုစုပေါင်း (၂၇၅၄)ဦး တို့ကို ဘွဲ့များအသီးသီးအပ်နှင်းသွားမည်ဖြစ်ပြီး ဘွဲ့နှင်းအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment