ရန်ကုန်၊ နိုဝင်ဘာ ၈
အင်းစိန်ပြည့်သူ့ဆေးရုံတွင် နိုဝင်ဘာလ၈ရက် နံနက်ပိုင်းက သားဖွားကုသဆောင်သို့ ရောက်ရှိလာသောကိုယ်ဝန်ဆောင်တစ်ဦးသည် နေ့လယ် (၁ ၂၄)နာရီအချိန်တွင် ခေါင်းနှစ်လုံး၊ ခန္ဓာကိုယ်တစ်ခု၊ လက်လေးချောင်း၊ခြေနှစ်ချောင်းပါ ကိုယ်ချင်းဆက်အမွှာကို မွေးခဲ့ကြောင်းသိရသည်။
အဆိုပါကလေးကို အင်းစိန်ဆေးရုံကြီး ကလေးကုသဆောင်တွင် ကုသပေးခဲ့ပြီး ညနေ (၃ ၂၀) နာရီအချိန်တွင် ရန်ကုန်ကလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment