အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်


မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်း လှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း၊ လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုများသည် ကူးစက်တတ်သည့်သဘော ရှိကြောင်း၊ ယင်းသောင်းကျန်းသူများသည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ် ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများ ဖြစ်ကြောင်း၊ ယခုချိန်တွင် လည်း ဒီမိုကရေစီ အရေး၊ လူမျိုးစုအရေး စသည့် အရေးများကို ရုပ်ပြအဖြစ် အသုံးပြု ပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း၊ “ကျား သေကို အသက်ပြန် မသွင်းမိကြစေဖို့” ပြောလိုကြောင်း၊ မိမိတို့ နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ် ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်း ပူးပေါင်းဆောင် ရွက်ပေးကြရန်  ပြောကြားလိုကြောင်း။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)